Tuesday, August 4, 2009

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး အနက်

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊(သမ်ဗုတ်ဓေ အထဝီသင်စ)
ဒွါဒသဉ္စ သဟဿကေ၊(ဒွါဒသင်စ သဟသကေ)
ပဉ္စဿတ သဟဿာနိ၊(ပင်စ သတ်တာ သဟသာနိ)
နမာမိ သိရသာမဟံ။(နမာမိ သိရသာမဟံ)
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊(အပ်ပကာ ဝါလုကာ ဂင်ဂါ)
အနန္တာ နိဗ္ဗုတာ ဇိနာ၊( အနန်တာ နိတ်ဗုတာ ဇိနာ)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊(တေသံ ဓမ်မင်စ သံဃင်စ)
အာဒရေန နမာမဟံ။(အာဒရေန နမာမဟံ)
နမက္ကာရာ နုဘာဝေန၊(နမက်ကာရာ နုဘာဝေန)
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊(ဟိတွာ သတ်ဗေ ဥပတ်ဒဝေ)
အနေက အန္တရာယာပိ၊(အနေက အန်တရာယာပိ)
ဝိနဿန္တု အသေသတော။(ဝိနတ်သန်တု အသေသတော)
( ဤ ဂါထာတော်ကို နေ့စဥရွတ်ဖတ် သရဇ္ဈာယ်လျှင် မိမိဘဝ တစ်လျှောက်လုံး လိုရာဆန္ဒပြည့်မြောက် စေနိုင်သည်။ )အဋ္ဌဝီသဉ္စ - သုံးပါးဘဝ သုံးလောကတွင် ဥာဏ်ရောင်ဖိတ် အောင်ဗိတ်သိပ်နှင့် (၂)ကြိတ် (၈)ဆူ ကုန်သော၊သမ္ဗုဒ္ဓေစ - တန်ဆောင်ပမာ ဥာဏ်ရောင်ဝါဖြင့် သစ္စါပွင့်လင်း တရားမင်းတို့ကို၎င်း၊ (တရားမင်း = တရားဟောကြားသောမင်း- မြတ်စွာဘုရားရှင်အပေါင်းကို ရည်ညွှန်းပါသည်။)ဒွါဒသဉ္စ သဟဿကေ၊ - နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျောင်းသည့် (၁)သောင်း (၂) ထောင်ကုန်သောသမ္ဗုဒ္ဓေစ - လရောင်ပမာ ဥာဏ်ရောင်ဝါဖြင့် သစ္စါဝင်းပြောင် မြတ်ဘုန်းခေါင်တို့ကို၎င်း၊ (မြတ်ဘုန်းခေါင် = မြတ်စွာဘုရားရှင်အပေါင်းကို ရည်ညွှန်းပါသည်။)ပဉ္စဿတ သဟဿာနိ၊ - သောင်းထိုက်စင်္ကြာဝဠာ ဂုဏ်ဝါကျော်ဟိန်း (၅)သိန်းကုန်သောသမ္ဗုဒ္ဓေစ - နေရောင်ပမာ ဥာဏ်ရောင်ဝါဖြင့် သစ္စါလင်းထိန် မြတ်မုနိန်တို့ကို၎င်း၊ ( ။ ......... ။ )အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ - ဂင်္ဂါမြစ်ထဲ ငွေသောင်သဲကို နည်းစေထသောအနန္တာ - သင်္ချာဂဏန်း ရေတွက်မှန်းလဲ ဆုံးခန်းတိုင်မြောက် မရောက်နိုင်ထသောနိဗ္ဗုတာ - ဂုဏ်ဇာတ်သိမ်း၍ ငြိမ်းအေးတော်မူပြီးထသောဇိနာစ - နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင်စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော်မူသော ဘုရားရှင်အပေါင်းတို့ကို၎င်း၊အဟံ - အကျွန်ုပ်သည်သိရသာ - ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်နမာမိ - ရှစ်ခိုးပါ၏ ။တေသံ - ထိုဂင်္ဂါဝါလု အမာပြုလည်း နိုင်းတုမရ ပွင့်တော်မူကြကုန်သော ဘုရားရှင်တို့နှင့်တကွ (၅)သိန်း (၁)သောင်း (၂)ထောင် - (၂)ကြိတ် (၈)ဆူကုန်သော ဘုရားရှင်တို့၏ဓမ္မဉ္စ - တရားတော်မြတ်ကို၎င်း၊သံဃဉ္စ - တပည့်သား သံဃာတော်မြတ်ကို၎င်း၊အာဒရေန - ရိုသေစွာ၊အဟံ - အကျွန်ုပ်သည်နမာမိ - ရှစ်ခိုးပါ၏ ။နမက္ကာရာ နုဘာဝေန၊ - ဤသို့ ရှစ်ခိုးပူဇော် ဖူးမြှော်မာန်လျော့ ကတော့ရသော ပနာမ ကုသိုလ်ကံ စေတနာတို့ကြောင့်သဗ္ဗေ - ခတ်သိမ်းကုန်သောဥပဒ္ဒဝေ - ဘေးရန် ဥပဒ်တို့ကိုဟိတွာ - ပါယ်ဖြတ်၍အနေက အန္တရာယာပိ၊ - တစ်ပါးမက များစွာကုန်သော အန္တရာယ်တို့သည်လည်းအသေသတော - အကြွင်းအကြံမရှိသောအားဖြင့်ဝိနဿန္တု - ပြောက်ပျက်စေကုန်သတည်း။(သာဓု၊ သာဓု၊ သာဓု။ )

Monday, August 3, 2009

အိမ်ထောင်ရေး အတွက် အဓိက အချက်များ

ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . ..Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့ . .. .သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့သူပြောတာက . ..
1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides
1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန်လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့အိမ်ထောင်ရေးမျိုးကို ရမှာပါ။

2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူတစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြသနာတွေကိုလည်း မှန်ကန်တဲ့နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သ၀န်တိုစွပ်စွဲချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက်လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့်လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာအလေးအနက်ထားအချိန်ယူ စဉ်းစားသင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

3. proper income
သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ထမင်းရည်ပဲလျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျ ဘ၀ကိုစဉ်းစားဆုံးဖြတ်မယ့်သူတွေ အတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။သိုးဆောင်းစကားပုံ တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့်မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုးချစ်သူက ရှာပေးနိုင်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။
4. good health
ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့ ။ဒါပေမယ့် ချစ်သူက ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့်ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊

5. acceptable both sides
လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက် ပိုပြီးအတွေ့အကြုံ ရ့င့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေကလက်မခံနိုင်ဘူး ဆိုရင် ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာခေါင်းအေးအေးနဲ့ စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘသဘောကျတယ်ဆိုရင်တော့ OK ပေါ့။

No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်ကအချက်အားလုံးနဲ့ ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေးရှိရမှာပေါ့နော်။ဒါဖြင့် တို့တွေ ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင်အမှတ်ပြည့်က တစ်ရာ ဆိုရင် အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)သုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလိုဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့)လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့