တောမှာ ၁၆ တန်းအောင်တဲ့ သာအေးတစ်ယောက်......အဆက်အသွယ်ကောင်း agent ဆိုလား ဘာ ဆိုလား နဲ့.....နိုင်ခြံကားကို ရောက်ခဲ့တယ်ပေါ့....ဟိုရောက်ရင်ဘဲ သာအေးတစ်ယောက် အရင်ရွာမှာတုန်းက မြို့ကိုတောင် မရောက်ဖူးတဲ့ သာအေး အခုတော့ စိုင်ကော်လို့ ချုံပေါ်က ငုတ်နဲ့တွေ့တော့တာပေါ့....နိုင်ငံခြား က အဆောက်အအုံ တွေကို ကားတိုက် မတတ် .....နောက်စိနဲ့ မြေကြီး ထိ မတတ် ကြည်ပြီး.......သူ့ကို သူ ဘဝင်လေဟတ်တာပေါ့.....နိုင်ငံခြားကို ရောက်စကဆိုရင်သာအေး ..ညနေစောင်းတာနဲ့.......စာဥကို လွမ်းချင်းတေးတွေ ဆိုတယ်......မိုးထိမြင့်တဲ့ တိုက်ခေါင်မိုးပေါ်တက်......ဝင်လုဆဲဆဲ နေမင်းကြီးကို ကြည့်ပြီး......ရွာအနောက်ဘက်က.....တောင်တန်းတွေကြားကနေ တရွေ့ရွေ့ပျောက်ကွယ်သွားတဲ့ နေမင်းကြီးကို တမ်းတတယ်..........ရွာအပြင်က....ထန်းရေ...အကြွေးသောက်လို့ရတဲ့ ထန်းတဲ နဲ့ ထန်းတောတွေ ကို အမှတ်ရတယ်.....ခုတော့ သာအေးတစ်ယောက်....aircon မရှိရင် မနေတတ်.....နေကာမျက်မှန်မပါရင် ..နေပူထဲ မသွားတတ်တော့.....ဒါပေမဲ့......မျက်မှန်ကို ....ခေါင်းမှာပဲ........စွတ်တာများသည်........ ဒီလိုနဲ့.....အမေ့အိမ်နဲ့ဝေးတဲ့ညတွေ......လချီ...နှစ်ချီဖြတ်သန်းပြီး.....တစ်နေ့တော့ သာအေးတစ်ယောက်.......ရွာကို .....အပြီးပြန်ခဲ့တော့တာပေါ့......ရွာပြန်ရောက်ပြီဆိုကတည်းက....သာအေး လူလိုသူလိုမနေတတ်တော့......အရင်က....လူတိုင်းနဲ့...ပေါင်းသင်းတတ်တဲ့ သာအေး......ခုလူတိုင်းနဲ့ စကားပြောလို့ အဆင်မပြေ........အများပြောတာ သူနားလည်သော်လည်း......သူပြောတာကို အများက.........နားမလည်......အတော်လေး...သာအေး ခေါင်းရှုပ်တာပေါ့.............ရွာရောက်စက...ထောင်ထောင်နဲ့ ..သာအေး.....အိမ်ထဲကနေ...အပြင်မထွက်ရဲ.....လုပ်တာတွေက...အလွဲလွဲ......လူတွေမြင်ရင် သူကြောက် သလို.......သူ့ကို လူတွေကလည်း မြင်မှာ ပိုပြီးကြောက်ကြသည်.....ဒီလိုနဲ့......ရွာမှာ သူမပျော်.....နိုင်ငံခြားကို ပြန်တမ်းတနေတော့သည်....ဘာလုပ်လုပ် ဒီစိတ်ဖြစ်နေလေတော့သည်......တစ်နေ့တော့ အိမ်သာတက်ဖို့.....လာရင်း....နိုင်ငံခြားမှာ...ဗိုလ်ထိုင်တက်ရတာကို ....စဉ်းစား စိတ်ကူးယဉ် ရင်း.....အားရပါးရ .....ပစ်ထိုင်ပစ်လိုက်တာ........သာအေးတစ်ယောက်....နောက် ကျွမ်းပြန်ပြီး....အိမ်သာထဲ ကျလေတော့ သည်.......(၅) ညအိပ် (၆)ရက်လောက်....သာအေး ရေချိုးလိုက်ရသည်........ထိုနေ့မှစပြီး...သာအေး...နောင်တကြီးစွာရလေ တော့သည်......"ဘယ်နေရာပဲ ရောက်ရောက်.....ဘဝမမေ့သင့် ပေ".......
ကောင်းသော စိတ်စေတနာဖြင့်
နတ်နွယ်လင်း (စလင်း)
No comments:
Post a Comment